Pallet များအကြောင်း မိနစ် ၃ မှာ နားလည်လိုက်ပါ
ဖော်ပြသောနေ့:

Pallet များအကြောင်း မိနစ် ၃ မှာ နားလည်လိုက်ပါ
Pallet တွေမှာ အရိုးရှင်းဆုံး Dimension သုံးမျိုးရှိပါတယ် (အကျယ် x အလျား x အမြင့်). အသုံးပြုမည့်ကုန်စည်အမျိုးအစားနှင့် အရွယ်အစားကို အရင်ဆုံးသိရှိဖို့လိုပါတယ်။
အရွယ်အစား (Size)
Pallet တွေမှာ အကျယ် × အလျား × အမြင့် ဆိုသော မြင်ဆင်းသုံးမျိုးဖြင့် သတ်မှတ်ပါသည်။ သင်တင်ဆောင်မည့် ကုန်စည်၏ အရွယ်အစားကို အရင်တွက်ချက်ပြီး Pallet ၏ Dimension နှင့် ကိုက်ညီမှုရှိ မရှိ စစ်ဆေးပါ။
ကုန်ကြမ်း (Material)
Pallet များထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းနှစ်မျိုးဖြစ်သည့် PP (Polypropylene) နှင့် HDPE (High-density polyethylene) တို့ဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်လုပ်သောစက်ရုံအမျိုးမျိုးမှ အခြားကုန်ကြမ်းအမျိုးစားပေါင်းများစွာကို အသုံးပြုပါတယ် — PP၊ High grade of PP၊ Recycle HDPE၊ Recycle HDPE + Virgin HDPE၊ 100% Virgin HDPE တို့ဖြစ်ပါတယ်။ တာရှည်ခံဆုံးနှင့် အရည်သွေးအမြင့်ဆုံး 100% Virgin HDPE ကတော့ ဈေးအမြင့်ဆုံးဖြစ်ပါတယ်။
တင်နိုင်အား (Loading Capacity)
Pallet များပေါ်တွင် တင်ဆောင်ရန် အများဆုံးတင်နိုင်အားဖြစ်ပါတယ်။ သိထားသင့်တဲ့ တင်နိုင်အား ၃ မျိုးရှိပါတယ်။
- Static Load — ထုတ်ကုန်သွင်းကုန်တွေကို တစ်နေရာထဲမှာ စီစဥ်တကျသိမ်းဆည်းထားရှိရန်
- Dynamic Load — Handlift၊ Forklift စတာတွေနဲ့ ရွေ့ပြောင်းတင်ဆောင်အသုံးပြုရန်
- Racking Load — ဝန်ပေါ့သောကုန်စည်များကို တင်ဆောင်ပြီး အထပ်လိုက်ထားရှိသိမ်းဆည်းရန်
မျက်နှာပြင် (Surface)
မျက်နှာပြင်အပြည့်နှင့် အပေါက်ပါသောမျက်နှာပြင် နှစ်မျိုးရှိပါတယ်။ မိမိတင်ဆောင်မည့်ကုန်စည်အမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။
အောက်ခြေပုံသဏ္ဌာန် (Bottom Support)
အောက်ခြေပုံသဏ္ဌာန်ပုံစံကွဲ အမျိုးအစား ၄ မျိုးရှိပါတယ်။
- 3 Runner Type (အောက်ခြေသုံးချောင်း) — အလယ်လတ်နှင့် Heavy လုပ်ငန်းသုံးအတွက်ရည်ရွယ်ပြီး ဘယ်စက်ပစ္စည်းအမျိုးအစားနဲ့မဆို အဆင်ပြေပါတယ်
- Double Deck Type (မျက်နှာပြင်နှစ်ဖက်) — ဂျုံ၊ ဘိလပ်မြေ၊ ဆန် ကဲ့သို့ ကုန်ပစ္စည်းအိတ်တွေ တင်ဆောင်ပြီး Pallet တစ်ခုပေါ် တစ်ခုထပ်တင်အသုံးပြုနိုင်ပါတယ်
- Cross / Window Type (ကြက်ခြေခတ်ပုံစံ) — ကုန်ပစ္စည်းတွေကို Pallet တစ်ခုပေါ်တင်ပြီး ထပ်မံထပ်တင်နိုင်၊ အပေါ့စားကုန်စည်အတွက် ဈေးနှုန်းသက်သာ
- Feet Type (ခြေထောင်မျိုးအစား) — ၉ ချောင်း၊ ၁၈ ချောင်း၊ ၃၆ ချောင်း — အပေါ့စားကုန်စည်နှင့် Export လုပ်ငန်းများအတွက် Nestable ဖြစ်ပြီး ဈေးနှုန်းသက်သာ
စက်ကိရိယာတွဲဖက်မှု (Equipment Compatibility)
Pallet များဖြင့်အသုံးပြုနိုင်သော စက်အမျိုးအစား ၃ မျိုးရှိပါတယ် — Forklift၊ Hand lift နှင့် Stacker တို့ဖြစ်ပါတယ်။
- 4 ways — Pallet ၏ မည်သည့်ဘက်ကမဆို ထည့်သွင်းမောင်းနိုင်ပါတယ်
- 2 ways — Pallet ၏ မျက်နှာချင်းဆိုင် နှစ်ဖက်ထဲသာ အသုံးပြုနိုင်ပါတယ်
- N/A — ထို့စက်အမျိုးအစားနှင့် တွဲဖက်အသုံးပြု၍မရပါ
အထက်ပါ အချက်ခြောက်ချက်ကို နားလည်ထားပါက သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး Pallet ကို မှန်ကန်စွာ ရွေးချယ်နိုင်မည်ဖြစ်ပါတယ်။