Pallet မှန်ကန်စွာရွေးချယ်ရန် — အောက်ခြေပုံသဏ္ဌာန်လမ်းညွှန်

ဖော်ပြသောနေ့:

Pallet မှန်ကန်စွာရွေးချယ်ရန် — အောက်ခြေပုံသဏ္ဌာန်လမ်းညွှန်

Pallet မှန်ကန်စွာရွေးချယ်ရန် — အောက်ခြေပုံသဏ္ဌာန်လမ်းညွှန်

အောက်ခြေပုံသဏ္ဌာန်ကတော့ Plastic Pallet ကို မဝယ်ခင်မှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အရေးကြီးတဲ့ specification တစ်ရပ်ဖြစ်ပါသည်။ အများသောအားဖြင့် အောက်ခြေသုံးချောင်း (3 runner) အမျိုးအစားက သစ်သား Pallet တွေနဲ့ ပုံစံတူဖြစ်ပါတယ်။ ဒါပေမယ့် Plastic Pallet တွေမှာတော့ အောက်ခြေပုံသဏ္ဌာန်ပုံစံကွဲ အမျိုးအစား ၄ မျိုးလောက်ရှိပါတယ်။

အောက်ခြေပုံသဏ္ဌာန် ၄ မျိုး

၁။ 3 Runner Type (အောက်ခြေသုံးချောင်း)

ဒီပုံစံကတော့ များသောအားဖြင့် အလယ်လတ်လုပ်ငန်းသုံးနဲ့ Heavy လုပ်ငန်းသုံးတွေအတွက် ရည်ရွယ်ပါတယ်။ လေးလံတဲ့ကုန်စည်တွေ တင်ဆောင်ဖို့နဲ့ သယ်ယူမောင်းနှင်မည့် ဘယ်စက်ပစ္စည်းအမျိုးအစားနဲ့မဆို အဆင်ပြေအောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။

သင့်တော်သောအသုံးချမှု: အလယ်လတ်မှ လေးလံသော ကုန်ပစ္စည်းများ — Forklift၊ Hand Truck နှင့် Stacker အားလုံးနှင့် ကိုက်ညီ

၂။ Double Deck Type (မျက်နှာပြင်နှစ်ဖက်ပုံစံ)

ဒီပုံစံကတော့ ဂျုံ၊ ဘိလပ်မြေ၊ ဆန် အစရှိသော ကုန်ပစ္စည်းအိတ်တွေ တင်ဆောင်ပြီး Pallet တစ်ခုပေါ် တစ်ခုထပ်တင်အသုံးပြုနိုင်ပါတယ်။ မျက်ပြင်နှစ်ဖက်လုံး ချောမွေ့ညီညာပြီး ထပ်တင်ရ လွယ်ကူစေပါတယ်။ မျက်နှာပြင်နှစ်ဖက်လုံး အသုံးပြုနိုင်တဲ့ အမျိုးစားများလည်းရှိပါတယ်။

သင့်တော်သောအသုံးချမှု: ဂျုံ၊ ဆန်၊ ဘိလပ်မြေ၊ သကြား၊ မြေသြဇာ — Pallet တစ်ခုပေါ် Pallet ထပ်ထားအသုံးပြုသောအခြေအနေ

၃။ Cross Type / Window Type (ကြက်ခြေခတ်ပုံစံ)

ဒီအမျိုးအစားကလည်း ကုန်ပစ္စည်းတွေကို Pallet တစ်ခုပေါ်တင်ပြီး အခြားတစ်ခု ထပ်မံ ထပ်တင်အသုံးပြုနိုင်ပါတယ်။ အပေါ့စားကုန်စည်တွေ အတွက်သာ အဆင်ပြေနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီအမျိုးအစားက အခြားသောအမျိုးအစားတွေထက် ဈေးနှုန်းသက်သာပြီး အပေါ့စား လုပ်ငန်းတွေ အတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပါတယ်။

သင့်တော်သောအသုံးချမှု: အပေါ့စားမှ အလယ်လတ် ကုန်ပစ္စည်းများ — ထပ်တင်ရသည့်အခြေအနေတွင် ကုန်ကျစရိတ်သက်သာသောရွေးချယ်မှု

၄။ Feet Type (ခြေထောက်မျိုးအစား)

ဒီအမျိုးစားကတော့ အပေါ့စားကုန်စည်နှင့် Export လုပ်ငန်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ၉ ချောင်း၊ ၁၈ ချောင်း သို့မဟုတ် ၃၆ ချောင်းဖြင့် ရနိုင်ပြီး Nestable ဒီဇိုင်းဖြစ်သောကြောင့် ရေသိုသိပ်ရာ နေရာကို ၇၅% ထိချွေတာနိုင်ပါသည်။

သင့်တော်သောအသုံးချမှု: အပေါ့စား သိုလှောင်မှု၊ Export ကုန်တင်ပို့ မှုနှင့် ဗလာ Pallet သိမ်းဆည်းမှုနေရာ ချွေတာမည်ဆိုသောအခြေအနေ


ဒါကြောင့် Plastic Pallet တွေ မဝယ်ခင်မှာ မိမိလုပ်ငန်းအတွက် ဘယ်အောက်ခြေပုံသဏ္ဌာန်အမျိုးအစားက သင့်လျော်မယ်ဆိုတာကို ဆုံဖြတ်ပြီးမှ ဝယ်ပါ။ မှားယွင်းသောရွေးချယ်မှုသည် ကုန်ကျစရိတ်မြင့်ထားသော်လည်း စက်ကိရိယာကိုက်ညီမှု မရနိုင်ဘဲ ဖြစ်နိုင်ပါသည်။