ပလပ်စတစ် နှင့် သစ်သား Pallet — သင့်လုပ်ငန်းအတွက် ပိုကောင်းသောရွေးချယ်မှု
ဖော်ပြသောနေ့:

ပလပ်စတစ် နှင့် သစ်သား Pallet — သင့်လုပ်ငန်းအတွက် ပိုကောင်းသောရွေးချယ်မှု
သစ်သား Pallet တွေနဲ့ ပလပ်စတစ် Pallet တွေရဲ့ အားနည်းချက်နှင့် အားသာချက်တွေကို သိပြီးပြီလား? ဂိုဒေါင်လုပ်ငန်းများအတွက် Pallet ရွေးချယ်ရာတွင် ကဏ္ဍ ၄ ခုကို နှိုင်းယှဉ်ပြမည်ဖြစ်ပါသည်။
စီးပွားရေး (Economic)
ပလပ်စတစ် Pallet
- ၃ နှစ်မှ ၅ နှစ်အထိ သက်တမ်းရှိအသုံးပြုနိုင်ပါသည် — မှန်ကန်စွာ ကိုင်တွယ်ပါက ၁၀ နှစ်ထိ
- ဝယ်ယူကုန်ကျစရိတ်ပိုမိုသော်လည်း Lifecycle ပြည့်တွင် Trip တစ်ကြိမ်ကုန်ကျ နည်းပါသည်
- အကြိမ်အရေတွက်များစွာ အသုံးပြုနိုင်ပါတယ်
သစ်သား Pallet
- ၆ လ မှ ၁ နှစ်အထိ သက်တမ်းရှိအသုံးပြုနိုင်ပါတယ်
- ဝယ်ယူကုန်ကျ သက်သာနိုင်ပါတယ်
- အကြိမ်အရေတွက် အနည်ငယ်သာ အသုံးပြုနိုင်ပါတယ်
စွမ်းဆောင်ရည် (Performance)
ပလပ်စတစ် Pallet
- တိကျသေချာတဲ့ အရွယ်အစားရှိပါတယ် — Automation Equipment နှင့် ကိုက်ညီ
- ပိုမိုခိုင်ခံ့ပြီး ကောက်ညွတ်မ၊ ကွဲမ
- ကုန်ပစ္စည်းများ မည်သည့်မျက်နှာပြင်မှမပြိုဘဲ လွယ်လင့်တကူ မပျက်စီးနိုင်ပါ
- သယ်ယူရွေ့လျားရန် အလွန်လွယ်ကူပါတယ်
သစ်သား Pallet
- တိကျသေချာတဲ့ အရွယ်အစားမရှိပါဘူး — Batch တစ်ခုနှင့် တစ်ခု ကွဲပြားနိုင်
- ကြွပ်ဆတ်ပြီး အလွယ်တကူ ကျိုးပဲ့နိုင်ပါတယ်
- ကုန်ပစ္စည်းများ ပျက်စီးရန် အန္တရာယ်ရှိပါတယ်
- သယ်ယူရွေ့လျားဖို့ ခက်ခဲနိုင်ပါတယ်
သန့်စင်မှု (Sanitation)
ပလပ်စတစ် Pallet
- ပလပ်စတစ်ဖြစ်သောကြောင့် ရေစိုရန်မလွယ်ကူသဖြင့် ဘက်တီးရီးယားများ လွယ်ကူစွာမပေါက်ဖွားနိုင်ပါ
- ပိုးမွှားများ အလွယ်တကူမဖျက်စီးနိုင်သောကြောင့် ပိုးသတ်ဆေးဖြန်းခြင်း အပူပေးခြင်းများ ပြုလုပ်ရန်မလိုအပ်ပါ
သစ်သား Pallet
- စိုစွတ်ရန်လွယ်ကူပြီး ဘက်တီးရီးယားများ လွယ်ကူစွာပေါက်ဖွားနိုင်ပါတယ်
- ခြကဲ့သို့ ပိုးမွှားများ ကိုက်ဖဲ့ရန်လွယ်ကူပြီး ကုန်ပစ္စည်းများပျက်စီးစေနိုင်ပါသည်
အခြားဆွေးနွေးစရာများ (Other)
ပလပ်စတစ် Pallet
- ချောမွေ့သောမျက်နှင်ရှိ၍ လုပ်ငန်းခွင်တွင်းထိခိုက်မှုမရှိနိုင်ပါ
- မိမိနှစ်သက်ရာ အရောင်ကို ရွေးချယ်နိုင်ပြီး တူညီသောပုံသဏ္ဍာန်နှင့် အရွယ်အစားရရှိနိုင်ပါသည်
- Service Life ကုန်ဆုံးသောအခါ ပြန်လည်ကုန်ကြမ်းပြုလုပ်နိုင် (Recyclable)
သစ်သား Pallet
- သံ၊ သံချေးနှင့် ထောင့်စွန်းများတွင် ထိခိုက်မှု အန္တရာယ်ရှိနိုင်ပါသည်
- တိကျမှန်ကန်သောပုံသဏ္ဍာန်နှင့် တူညီသောအရွယ်အစားမရှိပါ
- Spill များနှင့် ဓာတုပစ္စည်းများ စုပ်ယူပြီး ချမ်ပြဈ်ရခက်
မြန်မာ ဂိုဒေါင်နှင့် Logistics လုပ်ငန်းများအတွက် ရေရှည်ထိရောက်မှု၊ Hygiene Compliance နှင့် ကုန်ကျစရိတ်ထိန်းချုပ်မှုကို ဦးဆောင်ပြုသောလုပ်ငန်းများအတွက် ပလပ်စတစ် Pallet သည် နှိုင်းယှဉ်ကဏ္ဍတိုင်းတွင် ပိုကောင်းသောတန်ဖိုး ပေးသောအရာဖြစ်ပါသည်။